Create New Playlist

Add a cover pic of your own choice

(Optional)

Name

AI Cover Generator

4 credits

Not enough credits (0/4).

Logout

Are you sure you want to Logout?

Close

Aura of Love 2 by Maung

SongGPT
Aura of Love 2 by Maung - pop,male vocals music cover art

Aura of Love 2

pop,male vocals

0:003:16
Lyrics
Description
(Intro) C Em
(Verse 1)
Lotion ရနံ့...သင်း သင်းလေးနဲ့
ခဏလေး လှမ်းတွေ့တာတောင်
မျက်တောင်လေး ခတ်မိမှာကို ကြောက်...တယ်
ခတ်ထန်ထန် မာကြောတဲ့ မျက်နှာလေး
ရင့်ကျက်တည်ငြိမ်လွန်းတဲ့ အလှ
(Pre-Chorus)
သူမအလှက စာအုပ်တအုပ် ဖတ်လို့မကုန်ချင်စရာ၊
မကျယ် မကျဥ်းတဲ့ ခြေလှမ်းတိုင်းမှာ ရင်ခုန်သံ မှင်သက်သွား
သိပ်လှတယ် မ..ရေ .......
(Verse 2)
မျက်လွှာလေးချပြီး... သွား မင်း 'လူဆိုးလေး' တဲ့လား ကွယ်
မျက်စောင်းလေးထိုးပြီး ခတ်ဆက်ဆက်
ဆရာလုပ်တဲ့ အသံလေးက မောင့် စိတ်ကို ဖမ်းစားသွား
သိပ်မိုက်တာပဲ မ..ရေ........
(Pre-Chorus)
မ အလှ ကဗျာ..ခတ်ဆက်လေးရဲ့
အဓိပ္ပါယ် မောင် မဖွင့်ဆိုတက်ပါ
သိပ်လှတာပဲ မ..ရေ....
(Chorus 1)
ရင့်ကျက်မှုရဲ့ Aura ဆွဲအားအောက်ရောက်
ဘဝ တသက်တာရည်စူးကာချစ်
ရိုးမြေကျ ပေါင်းဖက်ရစေသား....
အို...မမ...မမ..ခေါ်လို့မဝဘူးကွယ်
(Chorus 2)
အိန္ဒြေကြီးနဲ့ ငြိမ်ငြိမ်လေး မင်းနော် လို့ပြောလိုက်တိုင်း
ဘဝ တသက်သာရည်စူးကာချစ်
မောင့် အချစ်နဲ့ ငယ်ရစေသား....
အို...မမ...မမ ခေါ်မဝဘူးကွယ်
(Bridge)
ချစ်ပြီးမှ ဝေးသွားမှာ ....
မောင့်ရင်မှာ...တွေးပြီး စိတ်တွေပူ
ဘဝ တသက်စာ ရည်းစူးကာချစ်
အထက်တန်းစား မ အချစ်တွေ ပိုင်ဆိုင်ရစေသား
အို...မမ...မမ..ခေါ်လို့မဝဘူး ကွယ်...
(Outro)
မောင့်ကို ချစ်ခွင့်ပေးပါ ..
အသက်အရွယ်ဆိုတာ ကိန်း၊ဂဏန်းတခု သက်သက်ပါ မ..ရေ...
အသက်ကလေး မဆိုစလောက် ငယ်တာကို
သွား...မင်း....မင်း ...မင်း ရှက်ပြုံးလေးနဲ့ ပြော
သိပ်ချစ်တာပဲ မရေ....