Create New Playlist

Add a cover pic of your own choice

(Optional)

Name

AI Cover Generator

4 credits

Not enough credits (0/4).

Logout

Are you sure you want to Logout?

Close

ယုံကြည်ရာ (Believe) 1 by Dream's

SongGPT
ယုံကြည်ရာ (Believe) 1 by Dream's - acoustic pop ballad music cover art

ယုံကြည်ရာ (Believe) 1

acoustic pop ballad

0:003:02
Lyrics
Description
[Verse 1]
တိတ်ဆိတ်နေတဲ့ ဒီညအောက်မှာ ငါ့စိတ်ထဲက အသံတစ်သံ ဘယ်လမ်းကို ရွေးမလဲ လို့ ငါ့ကိုယ်ငါ မေးခဲ့တယ်
ရွေးချယ်လိုက်ပြီ လမ်းသစ်တစ်ခုကို မနေ့က အိပ်မက်တွေ ဒီနေ့ ပြန်နိုးထလာပြီ
မြင်နေရပြီ အနာဂတ်သစ်တစ်ခု မသေချာသေးပေမယ့် ငါ့ခြေလှမ်းက မရပ်တော့ဘူး
[Pre-Chorus]
ကြောက်ရွံ့ခြင်း မရှိ တုန်လှုပ်ခြင်း မရှိ ဘယ်လောက်ပဲ ခက်ခဲပါစေ ငါ ရင်ဆိုင်မယ်
မုန်တိုင်းတွေကြားထဲ ငါ့အလင်းကို ငါရှာမယ် ကျရှုံးခဲ့ရင်တောင် ပြန်ထမယ်
[Chorus]
ယုံကြည်လိုက်ပြီ ငါ့ကိုယ်ငါ ယုံကြည်လိုက်ပြီ
အားအင်သစ်နဲ့ ရှေ့ကိုပဲ လျှောက်မယ်
လမ်းဘယ်လောက်ရှည်ရှည် အိပ်မက်ဘယ်လောက်ဝေးဝေး
ငါ မရပ်ဘူး နောက်မဆုတ်ဘူး
ငါ့ဘဝကို ငါကိုယ်တိုင်ပဲ ထုဆစ်မှာ
[Verse 2]
လျှောက်လှမ်းလိုက်ပြီ ခြေလှမ်းသစ်တစ်ခု မသိသေးတဲ့ လမ်းပေါ် ငါ့အိပ်မက်ကို သယ်လာတယ်
တစ်ခါတလေတော့ အထီးကျန်နေရမယ် တစ်ခါတလေတော့ ကျရှုံးပြီး ငိုရမယ်
ဒါပေမယ့် ငါ ပြန်ထလာမယ် ငါ့အိပ်မက်အတွက် ရှေ့ဆက်မယ်
[Bridge]
ဘယ်သူရေးပေးမလဲ ငါ့ဘဝရဲ့ ဇာတ်လမ်းကို
ဘယ်သူရွေးပေးမလဲ ငါလျှောက်မယ့် လမ်းကို
ဒီလက်နှစ်ဖက်နဲ့ ဒီနှလုံးသားနဲ့ ငါ့အိပ်မက်တွေကို ငါကိုယ်တိုင် ဆောက်မယ်
[Chorus]
ယုံကြည်လိုက်ပြီ! ငါ့ကိုယ်ငါ ယုံကြည်လိုက်ပြီ!
မုန်တိုင်းတွေကြားမှာ ငါ ဆက်လျှောက်မယ်!
လမ်းဘယ်လောက်ရှည်ရှည် အိပ်မက်ဘယ်လောက်ဝေးဝေး
ငါ မရပ်ဘူး! နောက်မဆုတ်ဘူး!
ငါ့ဘဝကို
ငါကိုယ်တိုင်ပဲ
ထုဆစ်မှာ!!!
[Outro]
မနက်ဖြန်ဆိုတာ ငါစောင့်နေမယ့်အရာ မဟုတ်ဘူး
ငါကိုယ်တိုင် ဖန်တီးမယ့်အရာ
ငါ့ဘဝကို ငါကိုယ်တိုင်ပဲ ထုဆစ်မှာ။
ရေး
စိုးထက်အောင်